Sunday, December 14, 2008

ကျောင်းကြီးတတ်ခိုက် ဝေလွင့်သစ်ရွက်တို့ရဲ့ခြေရာများ

လေတစ်ချက်ဝေ့လို့ သစ်ရွက်ကြွေခိုက်
နွေတလှည့်ရောက်လို့ ဆောင်းကုန်ခိုက်ပေါ့
ကျောင်းကြီးဖွင့်လို့ အနီးကပ်တတ်ရချိန်မှာ
ပျော်စရာပိတိ ရင်ဝယ်ပြည့်လို့
စာပင်မကျက်နိုင် သူငယ်ချင်းတွေနဲ့ပေါ့
ဟိုဟိုဒီဒီ စကားတွေပြောရင်း
မရေရာတဲ့တေးသွားတွေ သီဆိုလို့
သံစဉ်မငြိမ်မသက်တွေနဲ့
လေတဟူးဟူး တိုက်နေတဲ့
ကွင်းပြင်က ကျောင်းဟင်လင်းပြင်မှာ
နေပူပူနဲ့ မြေပြင်မညီမညာမှာ
ခြေလျင်လျောက်ရင်း ဘယ်ညာက
သစ်ပင်တွေကို စိတ်ခေါ်လို့
နေမင်းက ငါတို့ကိုလှောင်ပြောင်နေတယ်
ရီသံကတော့ မကြားပါဘူး
ဒါပင်မဲ့ ---------------
ဘာအပင်မှန်း မသိတဲ့
မြက်ပင်တွေကို နင်းရင်း
လွယ်အိတ်ကို စလွယ်သိုင်း
ပုဆိုးတုတ်တုတ်နဲ့ မြန်မာ့ယဉ်ကျေးမှုကို
ဖော်ကျူးဖို့ အားတက်သရော
လေးလံတဲ့ ခြေထောက်တွေနဲ့
ကျောင်းဆီိကို ဦးတည်လို့
အချိန်ပြည့်တက်မယ်ပေါ့ စဉ်းစားရင်း
သူငယ်ချင်းတွေ ကြည့်တော့
အားတက်သရော ကန်တီသွားဖို့
ဦးတည်နေတယ် ---------------
မလိုက်ဘူးလို့ ဆုံးဖြတ်ရင်း
အခန်းထဲသို့ဝင် ဘော့ပင်ကိုထုတ်
လက်မှာကိုင်ပြီ ရေးမယ်ဟန်ပြင်ပြုဆဲမှာပင်
လေတွင်မျောလွင့် သံစဉ်သစ်တွေက
ကန်တီဆီမှ----------
စည်းချက်ညီညီနဲ့ ငါ့နားစည်သို့
လွင့်မျောလာရိုက်ခတ်တော့
ငါ့နှလုံးခုန်သံတွေ ကခုန်လို့
အခန်းဆီမှ ပြေးထွက်ဖို့
ဆရာမကိုကြည့်လိုက်တော့
ရာသီဥတုက မကောင်းဘူး
မုန်တိုင်းဆင်ဖို့ မျက်နာနီနေတယ်
ဒါနဲ့ သွားချင်တဲ့စိတ်ကို
မြိုချပြီ အခန်းရှေ့ကိုကြည့်တော့
ရောင်လည်လည်နဲ့ လမ်းစပျောက်နေတဲ့
မုဆိုးလို---------
ထိုင်ရမလို ထရမလိုမလို
ထပဲသွားရတော့ မလိုလိုဖြစ်နေတဲ့
သူငယ်ချင်းများ----------
ဒါနဲ့ စိတ်ကိုအားတင်း
ဆရာမအလစ်ကို ချောင်းပြီပြေးထွက်ခဲ့တယ်
ကန်တီရောက်တော့ ဟိုဟိုဒီဒီမှ
သံစဉ်တွေက ရောသမမွှေလို့
ဘယ်ဆိုင်ထိုင်ရမလဲ စဉ်းစားခန်းပျိုးတုန်း
လေဖြူရဲ့ဆွဲဆောင်မှုကြောင့်
သူရဲ့တေးသွားနောက်
တကောက်ကောက်ပါခဲ့မိတယ်
ဆိုင်ရောက်တော့ မှာချင်တာတွေစွတ်မှာလို့
စားချင်တာတွေစားပြီး BILL ရှင်းရန်
ကြည့်လိုက်တော့ ပြားကပ်နေတဲ့
အိတ်ကပ်က ငါ့ကိုမျက်စောင်းထိုးနေတယ်လေ----------



ကျောင်းတုန်းကအကြောင်းလေးတွေသတိရလို့ ကဗျာဟောင်းလေးကို
အသစ်အနေနဲ့ပြန်လည်တင်လိုက်တာပါ

4 comments:

မချစ်ရ said...

ကျောင်းတုန်းကဘ၀ကတော့ပေါ့ပါးလွတ်လပ်မှုနဲ့အပျော်ရွှင်ဆုံးအချိန်ပဲပေါ့

Unknown said...

Online မလာဘူးဆိုပြီး သူရေးချင်တာတွေ
လျောက်ရေးထားတယ်....... မောင်နော်
သူတစ်ယောက်တည်းလွမ်းနေတာကြနေတာပဲ
ကဗျာတွေကစွတ်စွတ်စွဲစွဲနဲ့ ရေးချင်တာတွေလျောက်ရေး
ထားတယ် အခုလဲကြည့် ကျောင်းတုန်းကအကြောင်းတွေ
သတိရလို့တဲ့ အဲ့ဒီတုန်းကကောင်မလေးရော သတိမရမိဘူးလား မောင်နော် မသိတာကြလို့
ဒီဆိုဒ်ကိုမလာဘူးလို့ လင့်မသိဘူးလို့ထင်နေလား
ဒီကသူကိုများအ “ အလို့ထင်နေလားမသိဘူး
ဟွန်း မောင်နော် ကျောင်းတုန်းက ကဗျာဟောင်းကို
ဘာလို့ထပ်တင်တာလဲ ကောင်မလေးကိုလွမ်းလို့လား
ပြော တော်ပြီးဒါပဲ

အိပ်မက်နိဒါန်း said...

ကျောင်းကိုသတိရမိတယ်.နေပူပူမှာမျက်မှောင်ကုပ်ပြီး လေပူပူတွေရှူရတဲ့နေ့တွေပေါ့...မျက်နှာသာရတဲ့တစ်နေ့တော့ ကျောင်းကိုတစ်ခေါက်ဦးညွတ်ဖို့ ပြန်ခဲ့ဦးမယ်...

ပန်းခရေ said...

ကောင်းတယ် အရမ်းကောင်းတယ် ကဗျာလေးရော ...မိုးစက်ကွန်းမန့်လေးရော...နာလည်းး အိပ်ကပ်လေထန်ကုန်းဖြစ်နေပီ...

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...