Monday, December 8, 2008

အလွမ်းနဲ့မင်း .. မင်းနဲ့ငါ

အား.... လွမ်းလိုက်တာဟာ
ငိုကြွေးနေတဲ့ ငါနှလုံးသားတွေ
တဆစ်ဆစ်နဲ့နာကျင်လို့
ရင်ခွင်၌ အလွမ်းတို့ဖြစ်ထွန်း
ဝေဒနာတွေအဆထပ်တပိုးတိုးနေပြီပေါ့
ကူပါကယ်ပါချစ်သူရယ် . . .
မင်းလာနိုးနိုးနဲ့ ငါနိုးတ၀က်အိပ်စက်ခြင်းတွေလဲ
ညတိုင်းယောင်ယောင်ခေါ်နေမိတာက
သံစဉ်တွေထပ်လို့ မင်းနံမည်မှတပါး
အခြားဘယ်သူဖြစ်နိုင်အုံးမှာလဲ
ငါ့ကိုသနားပါလို့
မင်းဆီမှာ
မင်းရှေ့မှာ လာရောက်လို့
ဒူးထောက် မျက်ရည်ကြမ်းခင်း
ငါ့အလွမ်းတို့အကြောင်း ရင်ဖွင့်ချင်တယ်ချစ်သူ .... ။
ပြောမဲ့စကားများမပြောဖြစ်ခဲ့တာ
အခုဆို ရင်ခွင်တစ်ခုလုံး
ခံစားချက်တွေနဲ့ ပြည့်သိပ်
ငါမွန်းကြပ်လှပါပြီ .....
ငါဖွင့်ပြောပြန်ရင်လဲ
ငါ့အလွမ်းတွေကို မင်းသိ
ငါ့အလွမ်းတို့ကို လှောင်ပြောင်သရောနေမဲ့
မင်းမျက်နှာ ခပ်ယဲ့ယဲ့အပြုံးတွေကို
ကြောက်ရွံ့လှပါပြီချစ်သူ .... ။
ငါ့ခများ ... အလွမ်းတွေကို
သိမ်းထားရမလိုလို ဖွင့်ဟရမလိုလိုနဲ့
တိုင်ပတ်နေပြီချစ်သူရေ ..... :)
ဒါကြောင့် . . .
မင်းရှေ့မှာ
ငါ့အလွမ်းတို့အကြောင်း အလွမ်းတွေ
သိက္ခာကျမှာဆိုးလို့ ဖွင့်မဟဖြစ်ခဲ့တာပါ .. ... ။

4 comments:

Anonymous said...

ဆရာလေးရေ... ဒီတခါတော့ သိက္ခာအကျခံပြီး
သာပြောလိုက်ပေါ့ဗျာ။ အဲဒါမှ မရဲရင်တော့ကျနော်ပြောပေးမယ်လေ။ကျနော့်ကို
ကြိုက်သွားရင်တော့ တာဝန်မယူဘူးနော်.....
ဟိဟိဟိ
စတာနော ကိုယ့်ဆရာ ခင်လို့စတာ ပြန်ချော့၇သေးတော်ကြာ ဒါးနဲ့လာခုတ်မှပြေးပေါက်မှားမှာ စိုးရသေးတယ်


ကဗျားလေးကိုခံစားသွားပါတယ်ဗျာ

ပန်းခရေ said...

ငါ့ခများ ... အလွမ်းတွေကို
သိမ်းထားရမလိုလို ဖွင့်ဟရမလိုလိုနဲ့
တိုင်ပတ်နေပြီချစ်သူရေ ..... :)
ဒါကြောင့် . . .
မင်းရှေ့မှာ
ငါ့အလွမ်းတို့အကြောင်း အလွမ်းတွေ
သိက္ခာကျမှာဆိုးလို့ ဖွင့်မဟဖြစ်ခဲ့တာပါ .. ... ။
ဒီအပိုဒ်လေးကို အရမ်းကြိုက်တယ် ကိုယ့်ချစ်သူအပေါ်ကို သစ္စာရှိတဲ့ ကောင်လေးရေ အမြန်ဆုံးချစ်တဲ့သူနဲ့ဆုံဆည်းနိုင်ပါစေ

မချစ်ရ said...

ငါ့အလွမ်းတို့အကြောင်း ရင်ဖွင့်ချင်တယ်ချစ်သူ .... ။
ပြောမဲ့စကားများမပြောဖြစ်ခဲ့တာ
အခုဆို ရင်ခွင်တစ်ခုလုံး
ခံစားချက်တွေနဲ့ ပြည့်သိပ်
ငါမွန်းကြပ်လှပါပြီ .....
ငါဖွင့်ပြောပြန်ရင်လဲ
ငါ့အလွမ်းတွေကို မင်းသိ
ငါ့အလွမ်းတို့ကို လှောင်ပြောင်သရောနေမဲ့
မင်းမျက်နှာ ခပ်ယဲ့ယဲ့အပြုံးတွေကို
ကြောက်ရွံ့လှပါပြီချစ်သူ .... ။
ငါ့ခများ ... အလွမ်းတွေကို
သိမ်းထားရမလိုလို ဖွင့်ဟရမလိုလိုနဲ့
တိုင်ပတ်နေပြီချစ်သူရေ .....

ဒါလေးတွေကြိုက်တယ်..ကောင်းတယ်..အားပေးလျက်ပါ
အဆင်ပြေတယ်ဟုတ်

Anonymous said...

တိုင်တွေ ပတ်ပြီးမူးသွားဦးမယ် သားသားရေ..

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...