Saturday, August 16, 2008

လွမ်းနေရရင်

အချိန်တိုင်း မင်းကိုတမ်းတ
အလွမ်းတွေ ပိပြီ
ငါအိပ်ရာထဲမှာ နလံမထနိုင်လို့
ဆရာဝန်တောင် လက်လျော့
အထူးကုတွေတောင် ထိုင်ငိုလို့
ငါ့ဘ၀ကြီးတစ်ခုလုံး ဆွေးမြေ့ကာ
မြေပေါ်လုံးလုံးကျပြီ
ငါ့တကိုယ်လုံး မှိုတက်နေပလေ့စေအုံး
မင်းကို လွမ်းနေရတဲ့
အချိန်တိုင်းဟာ ငါ့အတွက်အရသာတစ်မျိုးပါပဲလား

2 comments:

ရွှေပြည်သူ (ShwePyiThu) said...

လိုရင်းကို လှလှပပလေး ညွှန်းသွားတာ အရမ်းကို သဘောကျမိပါတယ်... နောင်လည်း များများရေးနိုင်ပါစေ မောင်လေးရေ...

Unknown said...

နင်လွမ်းတာကြည့်ပြီး ငါလည်းလိုက်လွမ်းချင်လာပြီ...း(((((((((

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...