Sunday, August 24, 2008

မေ့လို့ရရင်

ငါ .. အချစ်တစ်ခုကို
လွယ်လွယ်နဲ့ ချစ်
လွယ်လွယ်နဲ့ ခံစားပြီ
လွယ်လွယ်နဲ့ မေ့လို့ရရင်
နေ့တိုင်း အချစ်သစ်နဲ့
တွေ့ချင်တယ် ...
အဲ့ဒါမှ အဲ့ဒီအချစ်ပေါ်ကိုမှီပြီ
ငါကဗျာရေးမယ်
ကဗျာရေးပြီရင် သူ့ကိုမေ့လိုက်မယ်
ပြီရင် အသစ်ရှာမယ်
နောက် ကဗျာတစ်ပုဒ်ထပ်ရေးမယ်
ကဗျာရေးနေတဲ့ အချိန်လေးပဲ
သူ့ကို ..
ငါချစ်ကြောင်းပြမယ်
ခံစားပြမယ်
ဆွေးပြမယ်
ပြီရင် မေ့လိုက်မယ်
..........

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...