Thursday, August 21, 2008

အာရုံ

ကျုပ် …
အရှေ့မှာ
မြင်နေရတယ်
ကြားနေရတယ်
အရောင်ရှိတယ်
အနံ့ရှိတယ်
အထိ ၊ အတွေ့ ၊ အငွေ့တွေ
အားလုံးရှိတယ်
ဒါပေမဲ့
အရသာမရှိဘူး ……။
ကျုပ် …
အနောက်မှာ
မမြင်ရဘူး
ကြားနေရတယ်
အနံ့နည်းနည်းရှိတယ်
ကျန်တာတွေ မသိဘူး
ဒါပေမဲ့
အရသာရှိတယ်
စိမ့်စိမ့်လေး …..။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...