Friday, August 22, 2008

Online ပေါ်ကမင်းသမီး

ဇာတ်လမ်းတပုဒ်ရေးနေတယ်
ဒါပင်မဲ့ မင်းသမီးကတော့
စင်ဆာမရသေး ပါတ်ပို့စ်မလုပ်ရသေးလို့
ငါအခုOnline ပေါ်ကမင်းသမီးကို
အခုထပ်ထိတော့ မတွေ့ရသေးဘူး
ဒါပေမဲ့ ...
ဇာတ်လမ်းနံမည်ပြောပြမယ်
“ မရေမရာအလွမ်းကမ္ဘာ”တဲ့
မင်းသားကတော့ ငါဖြစ်ကောင်းဖြစ်မယ်
မင်းကိုငါအပြင်မှာ မမြင်ဖူးပါဘူး
Online ပေါ်မှာခင်
လေလှိုင်းပေါ်မှာတင် ချစ်စကားတွေဖွဲ့ပြီး
ငါချစ်သမျှကို လွမ်းပြတဲ့အခါ
မင်းသမီးက သူလဲလွမ်းတာပါပဲတဲ့
ပြီတော်ပြောသေးတယ်
ငါတို့မကြာခင်တွေ့ကြရမှာ ပါတဲ့
နင်ကြိုးစားပါတဲ့ …။
နင်ငါ့ကိုချစ်တာ ငါမှမမြင်ရတာ
လွမ်းတာကော ဘယ်လိုမျိုးလဲ
ဒါရိုက်တာခိုင်းသမျှကို
အသက်သွင်းပြီး ငါ့ကိုမာယာတွေနဲ့
ဇာတ်ကွက်လှအောင် မလှည့်စားပါနဲ့
Online မင်းသမီး ။
မင်းဘယ်လိုပဲ သရုပ်ဆောင်ဆောင်
ငါကတော့ မင်းကိုအမှန်တကယ်ရင်ခုန်မိတာမို့
မင်းအသံလေးကြား မင်း Account လေးမြင်ပြီး
မင်းဓါတ်ပုံလေးကြည့်နေရရင်
လွမ်းနေရရင်ဖြစ် ကျေနပ်ပါပြီ ။
ဒါပေမဲ့ …
ငါဆက်မလွမ်းချင်တော့ဘူး
ငါ့ရဲ့မရေရာတဲ့ အလွမ်းကမ္ဘာကို
ဇာတ်သိမ်းချင်နေပြီ …
မင်းကိုအရမ်းသတိရလို့ လွမ်းရရင်တောင်
ငါရေရေရာရာပဲ လွမ်းချင်တယ်
ချစ်သူရယ် ….။
ငါ့ကို ရေရာတဲ့ရင်ခုန်မှုတွေပေးပါ
စမ်းတ၀ါးဝါး မပီပြင်ဝိုးတ၀ါးနဲ့
အသက်သွင်းထားတဲ့ အချစ်တွေနဲ့တော့
ငါ့ရင်ဘက်ထဲက ရင်ခုန်သံတွေကို
ခိုးပြီး နာထောင့်ဖို့ စိတ်မကူးပါနဲ့
ဘာလို့လဲဆိုတော့
ငါ့အချစ်က ရင်ခုန်သံအစစ်မို့ပါ
Online မင်းသမီးရယ် ..။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...