ဒီည
ငါအိမ်မက်ထဲမှာသူနဲ့ဆုံဖို့
ဖုန်းပြောရင်းနဲ့ချိန်းခဲ့ကြတယ်
မအိပ်ခင် ချစ်သူဓါတ်ပုံလေးကိုကြည့်နေမိတယ်
အရမ်းလွမ်းတာပဲလို့ ငါလေညည်းခိုက်
အသဲခိုက်အောင် မျက်ရည်စက်တို့
ရင်မခုန်ပဲ ဆွေးဆွေးမြည့်မြည့်ကျခဲ့ရတယ်
ကာရံမရှိတဲ့ အလွမ်းချင်းတွေကိုရွတ်နေတဲ့
ငါ့နုတ်ခမ်းတွေလဲ ခြောက်ကပ်လုနီးပါပြီချစ်သူ
ထို့အတူပဲ မင်းကိုလွမ်းနေတဲ့
နေ့တွေလဲ များလှပါပြီ
ချစ်သူရယ် အမြန်ဆုံးနီးပါရစေတော့
ဒါနဲ့ မင်းနဲ့
အိမ်မက်ထဲမှာ ဆုံဖို့
ငါဝိညာဉ်ဇာတ်လမ်းတစ်ပုဒ်ကို အသက်သွင်းခဲ့တယ်
အခုငါလာပြီချစ်သူရေ … မင်းရှိရာအရပ်ဆီကိုပေါ့ ။
မုံရွာကိုတော့ ငါမရောက်ဖူးပါဘူး
အိမ်မက်ထဲမှာ ပုံဖော်ပြီ
စမ်းတ၀ါးဝါးနဲ့ အိမ်မက်တစ်ခုစတင်ခဲ့ပါတယ်
သူ့အိမ်က ဘယ်နားမှာလဲ
ငါတို့ချိန်းမဲ့ နေရာလဲ
မပြောမိခဲ့ကြပါလား
ဒါနဲ့ အိမ်မက်ကိုခဏရပ်ပြီ
ကျွန်တော် အာရုဏ်ထဲက
အတွေးမှတ်ဥာဏ်တွေကို
လှမ်းလှော်ရှာလိုက်တော့
အော် …
အောင်ချမ်းသာရပ်ကွက်
သူ့အိမ်ကို ငါလိုက်သွားမယ်
ဖြစ်ပါ့မလား ……
သိပြီ …. ကျွန်တော်
လမ်းကလာနေတဲ့ ကုလားတစ်ယောက်ကို
အကူအညီတောင်းလိုက်ပါတော့တယ်
အရုပ်တွေ လဲတယ် …
ဖိနပ်စုတ်တွေနဲ့ လဲတယ် …
ကောတွေနဲ့ လဲတယ် …
ဒန်အိုးအပေါက်တွေနဲ့ လဲတယ် ..
အော်လိုက်ရတာနော် …
မောလိုက်တာ ချစ်သူရယ်
အခုထပ်ထိ မင်းအိမ်ကိုရှာမတွေ့သေးဘူး
ဒါနဲ့ အိမ်မက်ကို
ကိုယ်လိုရာသို့ဆွဲပြီး
ချစ်သူအိမ်ကိုရှာတွေ့ခွင့်ပေးခဲ့တယ်
သူ့အိမ်မှာက ခလေးရှိပါ့မလား
အော် … ရှိတယ်
ဟိုတခါက သူ့တူမလေးနဲ့
ငါ့ကိုမိတ်ဆက်ပေးခဲ့သေးတယ်လေ
ရှိတယ်ပဲထားလိုက်ပါတော့ အိမ်မက်ရယ်
ခလေးတော့ရှိပါရဲ့ အရုပ်ခေါ်မလဲတာတော့
ဘယ်တက်နိုင်ပါ့မလဲ
ဒါနဲ့ သူ့အိမ်ရှေ့မှာ
ကျွန်တော် …
ခေါက်တုတ်ခေါက်ပြန်လျှောက်နေမိပါတော့တယ်
သူထွက်လာပြီ “ ငယ် ” လာမသိဘူး
ဆိုင်ကယ်နဲ့ ငါ့ကိုမမြင်ဖူး
ငါလှမ်းခေါ်လိုက်တယ် ..
သူ့မျက်လုံးတွေက ငါ့ကိုမသိဘူးတဲ့
စမ်းတ၀ါးဝါးနဲ့ တချက်ပြန်ကြည့်ပြီး
ဆိုင်ကယ် … ကိုအရှိန်ရှိန်ပြင်းပြင်းနဲ့
မောင်းထွက်သွားတယ် …
ကျွန်တော်သူ့နောက်က ပြေးလိုက်နေမိပါတယ်
မောလိုက်တာဗျာ … အသက်ရှုတာတောင်မ၀တော့သလိုပဲ
“ ငယ် ” ………
တချက်လောက်တော့ ပြန်လှည့်ကြည့်ပေးပါနော်
ကျွန်တော်ချွေးတွေပြန်နေတယ် ..
ငယ်ရယ် … အရမ်းချစ်တာပဲ
လန့်နိုးသွားတဲ့ အချိန်လေးကို
အခွင့်ကောင်းယူပြီ ရေသောက်ခဲ့မိတယ်
ပြီတော် အိမ်မက်ကိုပြန်မက်မလို့
အစပျိုးလိုက်ပြန်ပါတော့တယ်
တနေရာအရောက်မှာ
သူ့ကိုကျွန်တော်မှီသွားတယ်
ဒါနဲ့ ပြေးပြီမိတ်ဆက်လိုက်တယ်
“ ငယ် ” ငါ့ကိုသိလား
ဖြေလိုက်တာက မသိဘူးတဲ့ ……….
အော် ဘယ်သိပါ့မလဲ
သူ့နှလုံးသားမှာ မနေ့ကငါရှိနေပင်မဲ့
ဒီနေ့ရှိချင်မှ ရှိမှာလေ
ကျွန်တော်နံမည်ကိုပြောပြလိုက်တော့
သူအံ့သြသွားတယ် ….
ပြီတော် “နင်အလည်လာတာလားတဲ့”
ကျွန်တော်ဘယ်လိုပြန်ဖြေရမှာလဲ
သူ့ကိုတခါမှ အပြင်မှမတွေ့ဖူးပင်မဲ့
ကျွန်တော်နှလုံးသားမှာတော့
သူ့ပုံရိပ် သူ့အသံ
အားလုံးအားလုံးကို အလွတ်ရနေသလိုပဲ
အရမ်းချစ်တာကို …
ဒီဇာတ်ကွက် ငါမကြိုက်သေးဘူးဟုဆိုကာ
ကျွန်တော် အိမ်မက်ကိုပြန်ပြီးပြင်မက်လိုက်ပါတယ်
“ ငယ် ” သူ ကျွန်တော့ကိုမြင်တာနဲ့
အတင်းပြေးလာပါတယ် …
သူ့ပါးပြင်းမှာ မျက်ရည်တွေကျနေပါတယ်
မျက်နှာလေးမှာလဲ အပြုံးရိပ်တို့
ခြုံလွှမ်းနေပါတယ် …
ကျွန်တော်ပျော်လိုက်တာ
သူ့ငါ့ကို တကယ်ချစ်တာကို
ချစ်သူနှစ်ဦး တွေ့မိချိန်မှာတော့
ပတ်ဝန်းကျင်မှာ ပန်းတွေပွင့်နေတယ်လေ
ပြီတော် မိုးဖွဲဖွဲလေးရွာနေတယ်
ကျွန်တော့်ရင်ခွင်ထဲမှာတော့ “
အား ……… ဂျပိုး
ဒီဂျပိုးတော့ ကောင်းခန်းရောက်မှ
ကျောကိုနာသွားတာပဲ နောက် ၅မိနစ်နေမှကိုက်ရင်
ဘာဖြစ်မှာ မို့လို့လဲ ….
အိမ်မက်ကိုထပ်မက်မလို့ စိတ်ကူးပြီး
အိပ်လိုက်တဲ့အချိန်မှာတော့ ဖုန်းမြည်သံ
ဆိုးဆိုးရွားရွား နားစည်ကိုလာရောက်ရိုက်နှက်နေတာမို့
ထပြီး ဖုန်းကိုင်လိုက်တော့
ညက
ကုလားဆီက ငှားသွားတဲ့
အရုပ်ထမ်းစင်း ဘယ်နားမှာပစ်ထားခဲ့တာလဲတဲ့
ပြီတော် .. ပိုက်ဆံလဲမပေးရသေးဘူးတဲ့ …
ဟော …
ဖုန်းမြည်သံက မရပ်သေးပါလားဆိုပြီ
မျက်စိဖွင့်ကြည့်ချိန်မှာတော့
ဖုန်းကတကယ်မြည်နေတာကို
ဖြစ်မှဖြစ်ရလေ …. အိမ်မက်ရယ်
ဘာပဲဖြစ်ဖြစ်နောက်ဆုံးအခန်းကိုတော့ ကျေနပ်မိပါတယ် ………
No comments:
Post a Comment