Thursday, September 25, 2008

ရင်ထဲက အန်ကျလာတဲ့ စကားလုံးရိုင်းရိုင်းများ

ငါဆိုတာ ... ငါပဲလို့

ငါဟုအော်ကာ ငါ့အတ္တတွေနဲ့

ထင်ရာစိုင်းနေကြတဲ့

ငါတို့လူမျိုးရဲ့ ငါတို့ခေါင်းဆောင်တွေရေ

လုပ်ချင်တာချည်းလုပ်မနေကြပါနဲ့

အချိန်တန်ရင် မင်းတို့ဗိုက်ထဲကိုထမင်းဝင်နေပင်မဲ့

ချွေးလုံးလုံးကျအောင် ရှားပြီးမှ

ထမင်းတနပ်စားနေကြရတဲ့

ငါတို့လူမျိုး

ရင်ထဲကစားလောင်မှုတွေကို

လွတ်လွတ်လပ်လပ်ပြောခွင့်မရတဲ့

မင်းတို့စစ်အုပ်ချုပ်ရေးစနစ်ကြောင့်

ငါတို့ကိုယ်ပိုင်လူ့အခွင့်အရေးတွေ

ဆုံးရှုံးခဲ့ရတယ် ....။

မင်းကတော့ လှည့်ကြည့်ပါရဲ့

ထီးတော်မိုးနဲ့ ခြေထောက်မြေပေါ်မကျပဲ

လမ်းလျောက်နေရတာတောင် ..

မင်းတိုင်းခန်းလှည့်လို့

ဗွက်ထူတယ်ဆိုပြီး ဦးပေက္ခာပြုသွားတဲ့

ငါတို့တဲစုတ်တွေကို မင်းမြင်ရဲ့လား

မြင်ရင်တောင် ရှောင်သွားမဲ့

မင်းအကျင့်ကိုသိပြီးသားမို့

အပိုတွေကို ငါခြေကန်ပြီး

မပြောတော့ပါဘူး ... ။

အသိတရားလေးများရမလားလို့

အမျိုမျိုးအမြင်တွေလမ်းခင်းပေးလဲ

စကော ” လောက်မှ ဇောက်မနက်တဲ့

မင်းဦးနှောက်ကို တခါတလေကြရင်

ရက်စက်တဲ့နေရာမှာတော့ လေးစားမိပါတယ် ....။
------------------------------------------------
ကျွန်တော်ဆီကိုလာလည်သွားတဲ့ သူငယ်ချင်းတစ်ယောက်က ပြောသွားလို့ထပြီးရေးလိုက်တာပါ ..
ကျွန်တော့်ကို အချစ်ရေးတွေရေးမဲ့အစားကိုယ့်လူမျိုးအတွက်ရေးပါလားတဲ့ .. သူ့ရဲ့ဝေဖန်မှုကို အလေးထားတဲ့
အနေနဲ့ ..... စပြီးရေးကြည့်တာပါ ။

1 comment:

ကိုဖိုးတရုတ် said...

ကောင်းလိုက်တဲ့ ကဗျာဘဲ။ ရိုးရိုးလေးနဲ့ကို ထိ နေတာ။ အားပေးတယ်။ ဒီလို ကဗျာတွေ များများရေးနိုင်ပါစေလို့

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...