Friday, September 26, 2008

ကံကြမ္မာဇာတ်ဆရာ

မင်းကို လွမ်းလို့

ငါခံစားရမယ်ဆိုလဲ

ကျေနပ်ပါတယ်လေ

အချစ်ကို စတင်ကတည်းကိုက

အလွမ်းပြဇာတ်ခုံပေါ်တင်ပေးခဲ့တဲ့

ငါတို့ဘ၀တွေကို ကြိုးဆွဲနေတဲ့

ကံကြမ္မာရယ် မင်းကိုလဲအပြစ်မမြင်ရက်ပါဘူး

ငါဆုတောင်းချင်တာက

ဒီဘ၀ ဒီဇာတ်ခုံပေါ်မှာ

ငါသူနဲ့ပဲ ပြဇာတ်တစ်ပုဒ်ကချင်တယ်

ဒါပေမဲ့ ...

လွမ်းခန်းံတော့ မဖြစ်ပါရစေနဲ့ ....

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...