Thursday, September 18, 2008

အလွမ်းများဆီသို့ ဦးတည်ခြင်း

ချစ်သူရယ် တကယ်တော့
ငါ့မှာ လွမ်းတယ်ဆိုတာကို
မင်းရှေ့မှာ ညည်းပိုင်ခွင့်ရှိပါရဲ့လား
ဒါပေမဲ့ ဟာ ….
တစ်ဘ၀လုံးပုံပြီး ပေးဆပ်ကာ
ချစ်ထားတာမို့
ငါ့ကိုချစ်နေခွင့်လေးမပေးရင်တောင်
လွမ်းနေခွင့်လေးတော့ ပေးပါနော် ။
အချစ်ဆိုတာကို နင်နဲ့တွေ့မှ
ငါရင်ခုန်ခဲ့မိတာပါ ….
နုညံ့သရောင်ရောင်နဲ့
ငါ နုလုံးသားသွေးထွက်ခဲ့မှန်းတောင်
သတိမထားခဲ့မိပါဘူး …
အခု ငါငိုနေတယ်
ရင်ထဲမှာပေါ့ …
ချစ်သူကိုလွမ်းလို့တဲ့
မျက်ရည်တွေကို ပါးပြင်ပေါ်မှာ
ကျခွင့်မပေးထားပင်မဲ့
ရင်ထဲမှာတော့ မိုးပမာရွာခိုင်းထားတယ်
ပြီတော် ….
နင်ဓါတ်ပုံကိုကြည့်ပြီ
ချစ်သူရယ် … အရမ်းချစ်တာပဲလို့
ငါ့နုတ်က ထွက်ကျလားတဲ့
ရိုးရိုးရင်ဖွင့်သံလေးကို
မင်းမကြားနိုင်ရင်တောင်မှ
တစ်ချိန်မှာ သိခဲ့ရင်
ငါကျေနပ်ပါတယ် …
တကယ်လို့များ မင်းနဲ့မဆုံဖြစ်ခဲ့ရင်
ငါလွမ်းခဲ့ရတဲ့ အကြောင်းကို
လေလှိုင်းလေးရယ် ယူဆောင်ပေးပါ
ချစ်သူအပါး ဆောင်ကြင်ကာ
ကျွန်တော်အရမ်းလွမ်းနေတာကို
သူ့အိမ်မက်ကမ္ဘာထဲသို့ စီးမျှောခွင့်ပေးပါ
အပြင်မှာ ငါလွမ်းနေတာကို
သူမသိပင်မဲ့ အိမ်မက်ထဲမှာ
သိခဲ့ရင်တောင် ငါကျေနပ်ပါတယ်လေ ...... .... ...

2 comments:

Chaos said...

ချစ်တတ်လို့ လွမ်းတတ်လာတယ်
အလွမ်းဆိုတာ ခါးသီးပေမယ့်
ူသူက တစ်ခါတစ်ရံ အချစ်ရဲ့ ပြယုဂ်တစ်ခုလိုပဲ။
ဘယ်လိုပဲဖြစ်ဖြစ်
နူးညံ့တဲ့ နှလုံးသားတစ်စုံကနေ
အလွမ်းတေးသီချင်းလေး ဆိုညည်းသံကို
မျှော်လင့်ခြင်း ရဲ့ ချစ်သူုလေးကြားနိုင်ပါစေလို့..........

mhyawlintchin.blogspot.com said...

အခုချိန်ထိ လွမ်းနေတုန်းပါ သူငယ်ချင်း

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...