Sunday, September 14, 2008

မင်းအတွက်ဆိုရင်ဖြစ် .....

မင်းပေးတာက အချစ်တွေပါ
ငါရရှိတာက အလွမ်းတွေဖြစ်နေလို့
အချစ်ကနေ အလွမ်းကို
Change ပေးလိုက်တဲ့ ....
ကံကြမ္မာကိုပဲ အပြစ်တင်ရမလိုလို
ဝေးကွာခြင်းတွေ ကုန်ဆုံးဖို့နဲ့
မင်းနဲ့အတူ ဘ၀ခရီးလျှောက်ဖို့
ငါကြိုးစားနေတယ် ချစ်သူ
မင်းကိုတစ်ခု Request လုပ်ချင်တယ်
ငါနှလုံးသားကို ရေခဲတုံးလုပ်ပြီး
မင်းသုံးနေကျ Formular အတိုင်း
အရက်ခွက်ထဲတော့ စိမ်မသောက်လိုက်ပါနဲ့
ငါရင်းနှီးထားရတဲ့ မျှော်လင့်ချက် Course က
မင်းအတွက် ဘာမှမဟုတ်တဲ့
Amount ဖြစ်နေပင်မဲ့
ငါ့အတွက်ကတော့ ဘ၀တစ်ခုလုံးပါပဲ
မင်းနဲ့ချစ်ပြီမှ ငါ့ရင်ခုန်သံတွေကိုတောင်
Daily Proffic & Loss ဆွဲဖို့
စိတ်မကူးခဲ့ပါဘူး ...... ။
ရှုံးချင်သလောက်ရှုံးပြီး
ငါ့ဘ၀တစ်ခုလုံး
မြေပေါ်လုံးလုံးလဲကျ သွားပါစေအုံး
မင်းကိုချစ်နေရရင်ဆိုတဲ့ စိတ်တစ်ခုနဲ့
အရာအားလုံးပေးဆပ်သွားမှာပါ
ချစ်သူရယ် ................ူ

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...