Tuesday, September 9, 2008

visa မပါပဲချစ်ကြသူများ

Subject: visa မပါပဲချစ်ကြသူများ
ချစ်သူ.......................

မြန်မာပြည်မာ H5N1 ဖြစ်တုန်းက

ငါဟာမကြောက်ရွံခဲ့ပါဘူး ။ ။

ကြက်သားကိုရှောင် ဆေးစစ်အောင်ခဲ့ပါတယ် ချစ်သူ..................

ဘတ်(စ်)ကားခတွေဈေးတက်လို့ လည်း

စိတ်မပျက်ခဲ့ပါဘူး ။ ။

တက်ပြီးပြန်မကျ ဘတ်(စ်)ကားခဆိုပြီး

နှလုံးသွင်းနိုင်ခဲ့ပါတယ် ချစ်သူ.............

gtalk banned ခံရလို့ လည်း

နောက်မဆုတ်ခဲ့ပါဘူး ။ ။

ကွေ့ ပတ်ရှောင်ရှား freedom အားနဲ့ 

chatting စွမ်းအားတက်စေခဲ့ပါတယ် ချစ်သူ................

chatting အမျိုးမျိုးနဲ့ 

နေ့ မအားညမအား အလုပ်များနေတဲ့နင့်ကို

ဘ၀တူဆိုတဲ့ခံစားချက်နဲ့ 

လျစ်လျူရှုနိုင်ခဲ့ပါတယ် ချစ်သူ.......................

နင် online မှာရှိနေမယ်ဆို

power တွေတက်ခါးတွေမျက်နေလည်း

အငတ်ငတ်အပြတ်ပြတ်နဲ့ 

ဆက် chat နေပါ့မယ် ချစ်သူ.....................

မ chat ရင် မနေနိုင်တာကလွဲလို့ 

မကောင်းမှုဟူသမျှအကုန်လုပ်တတ်တဲ့ငါ့ကို

နင့်ရဲ့ဘ၀ထဲက

ဆွဲမထုတ်လိုက်ပါနဲ့ ချစ်သူ..............

chatting thesis နဲ့  Internet course မှာ

solid distinction ရခဲ့တဲ့ နင်ရဲ့ကျွမ်းကျင်မှုကို

account အမျိုးမျိုးနဲ့ စမ်သပ်ခဲ့မိတဲ့ ငါ့ရဲ့ IP address ကို

ရက်ရက်စက်စက်နဲ့ မစစ်ဆေးချင်ပါနဲ့  ချစ်သူ................

နင့်ကို chat ပြီးချစ်ခဲ့တာပါ နှပ်ပြီးချစ်ခဲ့တာမဟုတ်လို့ 

နင့်ရဲ့ talkey တွေအောက် ပြားပြားမှောက်ခဲ့တဲ့

ငါ့ရဲ့နှလုံးသားကို

ဒုတိယအကြိမ် ပြန်အသက်သွင်းပေးပါအုံး ချစ်သူ................

မထွက်ချင်ပေမဲ့ အသက်ငင်နေတဲ့

ငါ့ရဲ့နှလုံးသားကို

အလျင်စလို delete မခေါက်လိုက်ပါနဲ့  ချစ်သူ...............

ငါဟာငါ register လုပ်ခဲ့ပြီး

ငါဟာငါမေ့နေတဲ့ ငါ့နှလုံးသား password ကို

နင်တစ်ယောက်ထဲသိပါတယ် ချစ်သူ.....................

ကျေးဇူးရှင် chat senior များရဲ့

သွန်သင်ဆုံးမှုကိုနားယောင်ပြီး firewall အထပ်ထပ်ခံထားတဲ့

နင့်ရဲ့နှလုံးသားကိုလည်း

ငါ hack လုပ်လို့ မရခဲ့ပါဘူး ချစ်သူ..............

ချစ်သူ..............

တကယ်တော့..............

ငါဟာနင့်ရဲ့ဘ၀ထဲကို

လိုင်စင်မဲ့နှလုံးသားတစ်ခု တင်သွင်းဖို့ ကြိုးစားခဲ့တဲ့လူလေ ။ ။

3 comments:

ဇင်ယော် said...

ကဗျာလေးကမိုက်တယ်ဗျ။ ကြိုက်တယ်ဗျို.။ ကူးယူခွင့်ပြုပါဗျာ။ ကြည့်ရတာ chatting မှာ lesson တွေတော်တော်မိနေသလိုပဲ။ အဆင်ပြေပါစေဗျာ

Peace said...

Your poem is very good.

Peace said...

Hi....I Like your idea.

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...