Wednesday, October 8, 2008

ကဗျာတစ်ပုဒ်ကိုအပြစ်ပုံချခြင်း

လွမ်းမောဖို့ ကောင်းလိုက်တဲ့ည

အပြင်မှာလဲ လတစ်ခြမ်းပဲ့

ကြယ်တစ်ချို့နဲ့ သာယာနေလိုက်တာ

ငါကြတော့ ကိုယ်ချင်းမစားနား

တစ်ယောက်တည်းပစ်ထားတဲ့ ချစ်သူ

မင်းကိုအပြစ်တင်ရမှာလား အချစ်ကိုရင်ဖွင့်ပြီးကဗျာလုပ်ရမှာလား

မထူးပါဘူးဟာ ငါဖြစ်ချင်တာတွေအားလုံး

အသာကုန်ရင်ဖွင့်လိုက်တော့မယ် ကဗျာတစ်ပုဒ်အပေါ်ကို

မတရားပုံချပြီး ဒီညရင်ထဲက

အထီးကျန်မှုတွေကို ရက်ရက်စက်စက်စကားလုံးတွေနဲ့

နိုတ်ကွက်လိုက်တော့မယ် .... နာဖို့သာပြင်တော့ကဗျာရေး ......

လွမ်းချင်အုံးဟဲ့ .................

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...