ကဗျာတစ်ပုဒ် ရေးဖို့
လက်ထဲမှာကိုင်ထားတာက ဘော့(ပ်)ပင်ပါ
အာရုံထဲမှာ ရောက်လာတာကချစ်သူပုံရိပ်
ဒါနဲ့ …. …..
အတွေးတွေကိုနယ်ချဲ့ပြီး
ချစ်သူနဲ့ တွေ့ချိန်လေးကို
ပြန်လည်အသက်သွင်းမိပါတော့တယ်
ရင်ခုန်သံတွေ အပြည့်နဲ့
ငါမင်းနဲ့ ချိန်းထားတဲ့နေရာလေးမှာ
ထိုင်စောင့်နေခဲ့မိတယ် …..
သူငါ့ကို တွေ့ရင်
ဘယ်လို အပြုံးပွင့်တွေနဲ့
ငါ့ကိုလှမ်းပြီး အသိအမှတ်ပြုမလဲလို့
နွေးတစ်ချပ် အေးတစ်လှည့်
ရင်ခုန်သံတွေနဲ့ ကားဂိတ်မှာထိုင်စောင့်နေမိတယ် …
ဟော …. သူလာပြီ
ရင်ခုန်သံတွေ ကသုန်းကရုန်းနဲ့
ပြေးထွက်ကာ ကြိုမိလို့
သူ့အနားရောက်တော့
ခပ်အေးအေး အပြုံးတစ်ပွင့်နဲ့တော့
ဆီကြိုလေရဲ့ … …
ကျွန်တော်ကတော့ ပျော်လိုက်တာဗျာ
ချစ်သူလာပါ့ လာပါ့မလားလို့
စိုးရိမ်စိတ် တချို့တ၀က်ကို
မေ့ဖျောက်ပြီး ယုံကြည်မှုအပြည့်နဲ့
စောင့်နေခဲ့တာပါ .. ..
အခု သူနဲ့တွေ့ရပြီ . . .
သူက ကားပေါ်သို့
နောက်ကြောင်း မကင်းတဲ့
မျက်လုံး ရည်ဝေေ၀တွေနဲ့
တချက်လှည့်ကြည့်လို့ . . .
အော် . . . အဖော်များပါလာသေးလားလို့
အသက်ခပ်ကြီးကြီး အဖိုးနဲ့အဖွား
အထုပ်တွေ မနိုင်မနင်းနဲ့
ဆင်းလာပါတော့တယ်. . .
ကျွန်တော်တို့ နှစ်ယောက်
အထုပ်တွေကို ကူသယ်လို့
မဟာမြတ်မုနိဘုရားပေါ်သို့ တက်ခဲ့ကြပါတယ်
အဲ့ဒီအချိန်မှာ ချစ်သူကျွန်တော့်ကိုပြောလာတာက
ငါခဏနေရင် ပြန်မှာတဲ့
ငယ်ရယ် . . . မရက်စက်ပါနဲ့ဟာ
တွေ့ဆုံချိန် ခဏတာကို
အသက်မသွင်းပဲ ဘာလို့
ရင်ခုန်သံတွေကိုလစ်လျှူရှု့ချင်ရတာလဲ
ကျွန်တော် စကားလုံးတချို့
ရင်ထဲက ရိုးရိုးလေးပြုတ်ကျလာတော့
ချစ်သူ မျက်နှာအပြုံးရိပ်တချို့ပြိုကျလာပါတော့တယ် . . .
ဒါနဲ့ အဖိုးနဲ့အဖွားကို
ဘုရားပေါ်လိုက်ပို့ခဲ့ပြီး
မန္တလေးတောင်ပေါ်တက်ခဲ့ကြပါတော့တယ်
ငါလေ .. .. ပျော်လိုက်တာ
သူလက်ဖ၀ါးနုနုကို အသားဆုပ်ကိုင်တော့
ရှက်ပြုံးမျက်နှာနဲ့ ကျွန်တော့်ကိုတစ်ချက်မော့ကြည့်ပြီး
ရင်ခွင်ထဲကို ခေါင်းလေအပ်ထားလေရဲ့ . . .
မန္တလေးတောင်ပေါ်မှာ သာယာတဲ့ရှုခင်းတွေက
ဘေးပတ်ဝန်းကျင်မှာ ၀ိုင်းရံလို့
ကြည်လင်တဲ့စိတ်တွေနဲ့ ဘုရားဖူးကာ
ဆုတောင်းခဲ့ကြပါတယ် . . .
ဒီဘ၀ဒီသံသရာမက နောင်ဘ၀ဆက်တိုင်မှာ
သူနဲ့ ဆုံစည်းရပါလို့၏ပေါ့ . . .
ငါ့အတွေးတွေ လွင့်မျောနေလိုက်တာ
ရင်ခုန်သံတွေ ပြန်လည်နွေးထွေးလို့
အလွမ်းတချို့တောင် ရင်ခွင်ထဲမှာ
ကျပျောက်သွားသလိုပဲ
မကြာပါဘူး အမှတ်ရစရာ
သတိရစရာတွေကို ပြန်လှန်လှော်ပြီး
လက်ရှိနဲ့ နှိုင်းယှဉ်လိုက်တော့
မျက်ဝန်းတိမ်တွေက ဟန်ဆောင်ကာမထားနိုင်
ပြိုကျသက်ဆင်း ပါးပြင်ပေါ်သို့
မျက်ရည်ချောင်းငယ်တစ်ခု
ခပ်ပြင်းပြင်းစီးဆင်းပါတော့တယ်
ဒါနဲ့ ဘေးနားမှာ
ကျွန်တော့်ကို အသားထိုင်ကြည့်နေတဲ့
ချစ်သူစုံတွဲ “ မျှော်လင့်မိုးစက် ”ဓါတ်ပုံလေးက
မသိချင်ယောင်ဆောင်ပြီး အပြုံးပွင့်တွေနဲ့
သူတို့မှာတော့ကြည်နူးနေလေရဲ့ ငါ့မှာတော့
အလွမ်းတသိုက်နဲ့ ပတ်ချာလည်ရိုက်နေတာပဲ…
ဟော … …
ငါ့ရင်ခွင်ထဲမှာ ဆွေးမြေ့လာပြီး
ငါအသက်ရှုရတာ မွန်းကြပ်လာသလိုပဲ
မဖြစ်သေးပါဘူး ငါအခုသေသွားရင်
သူနဲ့ ထပ်တွေ့ဖြစ်မှာမဟုတ်တော့ဘူး
အဲ့ဒီတော့ စုံတွဲဓါတ်ပုံလေးကို
စာအုပ်ကြားထဲညှပ်ကာ
ကဗျာတစ်ပုဒ်ကို အဆုံးသပ်
အတွေးတခွင်ကို ဖြတ်တောက်ပြီး
ရင်ခွင်ဟက်တက်ကို စောင်ဖုံးပြီးအိပ်လိုက်ပါတော့တယ် ….
1 comment:
စစ်မှန်တဲ့အချစ်အတွက် ဆုံမှတ်ဆိုတာ ရှိစမြဲပါ မောင်လေးရေ။ အဲဒီဆုံမှတ်ကို အမြန်ဆုံးရောက်ပြီး ရာသက်ပန် အတူတူ ပျော်ရွှင်နိုင်ကြပါစေ...
Post a Comment