Thursday, October 2, 2008

ဆုတောင်းခြင်းညတစ်ညရဲ့ အခြေခံအုတ်မြစ်

တိတ်ဆိတ်နေတဲ့ ညတစ်ည

မှောင်မှောင်မဲမဲနဲ့ ကြယ်တွေမှိန်တိမ်တိမ်

မိုးသားတွေ အပြင်မှာ

ခပ်ပါးပါး အလင်းရောင်ကို

မသိမသာ လွမ်းခြုံထားတယ်

ကျွန်တော့်ရင်ခွင်မှာ

ချစ်သူ မှေးစက်နေတယ်

ပျော်စရာ ခဏတာ

တွေ့ဆုံခွင့်ပေး တဲ့ ကံကြမ္မာရယ်

တစ်ဘ၀စာ ငါကြိုတင်ပြီး

ဘိုကင် လုပ်ထားချင်တယ်

ငါ့ရင်ခွင်မှာ သူ့ကို

ထာဝရ တစ်သက်တာလုံး

ခိုလုံခွင့် ပေးပါလား ….

အဲ့ဒီအတွက် ငါဘယ်လောက်ထိ

ပေးဆပ်ခြင်းတွေနဲ့ မင်းကိုလက်ထိုးရမလဲ ….။

ချစ်သူရယ် မင်းနဲ့တွေ့ချိန်က

ခဏလေးပါနော် ….

ဖြစ်နိုင်ရင် နာရီလက်တံတို့ရယ်

ရှေ့ဆက်မသွားပါနဲ့ ဒီနေရာမှာပဲ

ရပ်တန့်ပေးပါတော့ … … …။

ကမ္ဘာကြီးရယ် မလည်ပါတော့နဲ့

ကျွန်တော်ချစ်သူ ရင်ခွင်ထဲက

ပြန်ထွက်သွားမဲ့ အချိန်တွေကို

ရင်မဆိုင်ရဲလို့ပါ …။

ကျွန်တော်ဘယ်လိုအင်အားတွေနဲ့

မင်းနဲ့ လမ်းခွဲပြီး

အိမ်ပြန်ရမှာလဲ …

မောင်ဘယ်လို ပုံစံမျိုးနဲ့

ငယ့်ကို လက်ပြနုတ်ဆက်ပြီ

ကျန်ခဲ့ရမှာလဲ …။

ပြောပါအုံးချစ်သူရယ်

ငါမနက်ဖန်ကိုမရောက်ချင်ဘူး

အဲ့ဒီတော့ …. ….

အချိန်တွေကို ပန်းပုထုပြီး

နာရီလက်တံတွေကို ကြိုးချည်ထားရမယ်

ချစ်သူကိုကြတော့

ရင်ခွင်ထဲထည့်ပြီး သော့ခတ်ကာ

သိမ်းထားလိုက်တော့

ငါ့နှလုံးထဲက မင်းဘယ်မှ

ထွက်မသွားပါတော့နဲ့ ငါ့ရင်ခွင်

ရင်ခုန်ခြင်းသံစဉ်တွေ အောက်မှာ

မင်းခိုလုံပြီး တစ်ဘ၀လုံး

မှေးစက်ကာ အိပ်စက်လိုက်ပါတော့

ချစ်သူ ငယ်ရယ် …… ။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...