Friday, October 17, 2008

အလွမ်းနဲ့ငါ

အလွမ်းတွေ အလွမ်းတွေ

ငါ့ကို ရစ်ပတ်နေပြီပေါ့

အလွမ်းတွေကိုတော့ မခင်တွယ်ချင်ပါဘူး

ငါ့ကို လွမ်းရအောင်အချစ်တွေပေးခဲ့တဲ့

အလွမ်းပေးသူ ချောနှမငယ်ကိုတော့

ငါ့ရဲ့ အလွမ်းစာကဗျာတစ်ပုဒ်နဲ့ဖြစ်ဖြစ်

အလွမ်းများ ပြသခွင့်ပြုပါ

ငါ့ရဲ့ မျှော်လင့်ချက်

အလွမ်းသစ်ပင်ကို ရှင်သန်အောင်

ငါလေနေ့တိုင်း ကဗျာများနဲ့ရေလောင်းနေတာပါ

အလွမ်းဆိုတာ ပြောတော့သာလွယ်ပါတယ်

ငါအခု ခံစားနေရတာတော့မလွယ်လိုက်တာဟာ

အလွမ်းများကိုညည်းညူးရင်း

ငါဆွေးခဲ့ရတဲ့ နေ့တွေမှာ

အလွမ်းစာမျက်နှာတွေ သီဖွဲ့ခဲ့တာဖြစ်

ငါဝယ်ထားတဲ့ စာအုပ်တစ်ဒါဇင်လဲ

အလွမ်းတွေကြောင့် ကုန်လုနီးပါပြီ

ငါ့ရဲ့စိတ်အဆင်း တိမ်တခွင်မှာ

အလွမ်းများနဲ့ နေ့တိုင်းတိမ်ဖုံးနေတာမို့

ငါ့ဘ၀လဲ ပျက်လုနီးပါပြီ . . .

အလွမ်းပေးသူ ချောနှမငယ်ရယ်

ငါ့ရင်ခွင်ကို အမြန်လာပြီး

အလွမ်းမီးတွေ ငြိမ်းသတ်ပေးပါတော့

ငါဒီလိုနဲ့သာ ရှေ့ဆက်လို့ကြာရင်ဖြင့်

အလွမ်းပိကာ အသက်ရယ်ကြွေကျ

ငါ့ဘ၀လဲ ကလယ်ကာချ

အလွမ်းများနဲ့ ဇာတ်သိမ်းရတော့မလိုဖြစ်နေပြီမိန်းခလေးရယ် . . . ။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...