Thursday, October 2, 2008

အပြုံးတစ်ပွင့်နဲ့ လက်တစ်ချပ်ပြကာ ထားခဲ့လေခြင်း

တွေ့ဆုံချိန် ခဏတာရယ်

တိုတောင်းလိုက်တာ ..

ငါသူ့ကို ပြောဖို့

စကားလုံးတွေတောင် စီရုံရှိသေး

ငါ့ရှေ့က လှည့်ထွက်ပြီး

အိမ်ပြန်ဖို့ ခြေလှမ်းပြင်နေတဲ့ချစ်သူ

ငါ့ကို သနားပါ

လက်ပြကာနုတ်ဆက်ပြီး

နင်ငါ့ရှေ့က လွယ်လွယ်ထွက်မသွားပါနဲ့

ရင်ခုန်သံတွေ တို့လို့တန်းလန်

မျက်ရည်စက်လက် အလွမ်းတသိုက်ပိုက်ကာ

ကျန်ခဲ့မဲ့ ရင်ခွင်ဟက်တက်ကို

မင်းနှစ်သိပ်စကား

မျှော်လင့်ခြင်း တစုံတရာနဲ့

ငါ့ကိုချုပ်နှောင်း မပေးတော့ဘူးလား ။

နောင်ဘယ်တော့များမှ တွေ့ဆုံဖို့နည်းလမ်းဆိုတာ

မရေရာတဲ့ ငါတို့ဘ၀ကို

နင်သိရက်နဲ့

ငါ့ကို အပြုံးတချက်နဲ့

လက်ပြနုတ်ဆက်ကာ ထွက်သွားဖို့ကျန်ရွယ်နေတဲ့ချစ်သူ

ငါ့အတွေးတွေတောင် နိဂုံးမချုပ်လိုက်ရပါဘူး

နောက်ဆုံးကြတော့လဲ

ငါ့ကိုခပ်ဖွဖွ အပြုံးတစ်စုံနဲ့

လက်တစ်ချက်ပြကာ နုတ်ဆက်သွားပါလေရဲ့ …. … … ။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...