Monday, October 20, 2008

ခပ်ပေါပေါကဗျာတစ်ပုဒ်နဲ့ခိုင်းနှိုင်းခြင်း

နေ့တွေလည်းတစ်နေ့ပြီတစ်နေ့

အလွမ်းတွေလဲ တစ်ရစ်ပြီတစ်ရစ်

ငါဒီဝဲဂရက်ထဲက

ဘယ်တော့မှ လွတ်မှာလဲလို့

ပြန်ကာတွေးကြည့်

မျှော်ကာငေးမိတော့ လွမ်းလိုက်တာဟာ

ငါ့အဖြစ်က သနားသူမရှိ

ကိုယ့်အပြစ်နဲ့ကိုယ်

အလွမ်းများစိုက်ပျိုးမိတာမို့

မင်းကလွဲပြီ

ဘယ်သူက ငါ့ကိုလာပြီး

သနားပါ့်မလဲ ချစ်သူရယ်

ဒါတွေကို မင်းသိရက်နဲ့

ငါ့ကိုတစိမ်းဆန်တဲ့

အပြုအမူအပြောအဆိုတွေ

ဘာလို့ မင်းအပြောတမ်းချသုံးနေတာလဲ

ငါ့ရင်ဘက်ထဲမှာ မင်းတစ်ယောက်ပဲရှိတယ်

ငါ့နှလုံးသား အသဲထဲမှာလဲ

မင်းတစ်ယောက်တည်းရှိတယ်

ဒါတွေသိရက်နဲ့များချစ်သူရယ်

ငါ့အလွမ်းတွေကို မင်းဥပေက္ခာပြုကာ

စကားလုံးခပ်မြင့်မြင့်တွေနဲ့

ငါ့ကိုမနှစ်သိပ်ပဲ

ငါ့အလွမ်းတွေကို ချနင်းချင်ရတာလဲ

မင်းဆီက နှစ်သိပ်စကားတစ်ခွန်းဟာ

ငါ့အတွက် မနက်ဖြန်အသက်ရှင်ဖို့

အားဆေးတစ်ခွက်ပါ

မင်းကတော့ရီသံတချို့နဲ့

စာနှစ်ကြောင်းသုံးကြောင်းကို အဓိပ္ပာယ်ဖွင့်ပြီ

မေးစ်လေမဖြစ်စလောက်ပို့ကာ

ငါ့ကို ကြိုးရှည်ရှည်နဲ့ လှံထားတယ်လေ

ငါဟာ မင်းထင်သလိုနွားတစ်ကောင်မဟုတ်ပါဘူး

မင်းကိုချစ်လွန်းလို့သာ မင်းရှေ့မှာခွေးဖြစ်ခံပင်မဲ့

ငါလဲဟောင်တတ်သေးပါတယ်ချစ်သူ

ဒါပေမဲ့ .. .

ငါဟာ မင်းကိုအသဲနစ်အောင်ချစ်တာမို့

မင်းအတွက် ငါ့ဘ၀အရာအားလုံးမီးရှို့ပစ်ဖို့

အစဉ်သင့်ပါ . . .။

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...