Saturday, October 11, 2008

မင်းလိုချင်ရင် ငါပေးဆပ်ဖို့အဆင်သင့်

အချစ်ကအမုန်း ခပ်ပြုံးပြုံးနှင့်

ထာဝစဉ် ကြွေသက်

နှလုံးထပ်သို့ ထိပါးသိသာ

မသိမသာ ဖဲ့ခြွေနေတဲ့

အလှမာယာ ကျွန်တော့်ချစ်တဲ့

ကောင်မလေးရေ . . .

မင်းငါ့ကို ဘ၀ပျက်

ခါးသက်အောင် လုပ်နေလဲ

သိတဲ့စိတ် လစ်လျူရှု့

ရင်ထဲမှာ ခိုးလို့ခုလုမဖြစ်ပါဘူး

ဖြူစင်တဲ့ ပေးဆပ်ခြင်းအချစ်မို့

ရက်ရက်ရောရော

မင်းသွားဖို့ အတွက်

နှလုံးတစ်စုံဖြုတ် လမ်းခင်း၍

မင်းသောက်ဖို့အတွက်

သွေးဖေါက်တိုက်ကာ

ငါ့ဘ၀နဲ့မက အသက်ကိုချသုံးပြီး

ချစ်မှာပါ … … …

ဒါကိုမှ မကျေနပ်လို့

ငါ့ဆီက ထပ်လိုချင်သေးရင်

နောင်ဘ၀အထိ ကတိတိုင်တည်ကာ

မင်းအတွက် ထာဝစဉ်

ဘ၀ဆက်တိုင်း ကျွန်းဖြစ်ရပါလို၏လို့

ငါဆုတောင်းပေးဖို့ အဆင်သင့်ပါချစ်သူ .. .. …

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...