
အော် . . . မိုးစက်မိုးပွင့်တို့လဲ
လွင့်ပါးကုန်ပါလျော့လား
မလွင့်ပါးပဲ ကျန်ရစ်ထင်ကျုန်
စွန်းထင် စွဲကပ်နေတာက
မောင့်ရင်၌ ဖြစ်တည်
လှိုက်လှိုက်လှဲလှဲ ပွင့်နေတဲ့
အလွမ်းပန်းတို့ပါပဲ
ကြွေမကျ လွင့်ပါးမသွားပဲ
ဝေကာဆာ ဖူးကာလှိုင်နေတာမို့
မောင့်အနား ပတ်ဝန်းကျင်တစ်ခုလုံး
အလွမ်းရနံ့တို့နှင့် ဖုံးအုပ်ကာ
ဆွေးဆွေးမြေ့မြေ့ ပွင့်နေလိုက်သည်မှာ
လွမ်းမောဖွယ် ကောင်းလိုက်ပါပေ၏ . . .။
လာကြည့်လှည့်ပါ
မောင့်ချစ်သူ အလွမ်းကညာရယ်
အလွမ်းပန်းတို့ အပင်မျိုးစုံနှင့်
ထူးခြားဆန်းပြာ အလွမ်းပန်းတစ်ခင်း
မောင့်ရင်မှာ စိုက်ထားတာပါနော်
သို့ပေမဲ့ . . .
အလွမ်းရနံ့ ဆွေးမြေ့ခြင်းတွေ
နေ့တိုင်း ပန်းခင်းထဲမှာ
ရှူရှိုက်နေရတာမို့
မောင့်ရင်ခုန်ခြင်းတွေလဲ
မတက်ကြွတော့ပါဘူး
ဖြစ်ချင်တော့ မလွမ်းရရင်မနေနိုင်တဲ့
မောင့်နှလုံးသား အသဲလွှာဟာ
မင်းကိုမှ မလွမ်းရရင်
အသက်ဆက်ရှင်ဖို့ မဖြစ်နိုင်တော့သည်မို့
အခုလောလောဆယ် မောင်ဘေးနားမှာ
မင်းမရှိပင်မဲ့
နောင်တစ်ချိန်တစ်နေ့နေ့မှာတော့
မင်းနဲ့ဆုံကာ
အလွမ်းတွေကို နိဂုံးချုပ်
ပန်းတစ်ခင်းကို မင်းအချစ်တွေနဲ့
ရေလောင်းလိုက်ရင်ဖြစ်
မောင့်ရင်ထဲက ပန်းတွေဟာ
အလွမ်းပန်းတို့ ဖြစ်မလာနိုင်တော့ပါဘူး ။
ထို့အတွက်ကြောင့်
ကြွေကာမကျတဲ့ အလွမ်းပန်းတို့ကို
မောင့်နှလုံးသားထဲက လွင့်ပါးအောင်
လာရောက်ကာ ခြွေကာချပေးပါတော့
အလွမ်းတို့ရဲ့ အရှင်သခင်
ချစ်သူရယ် . . .။
No comments:
Post a Comment