Friday, October 17, 2008

မျှော်မိပါရဲ့

မနေ့က သူနဲ့မတွေ့ရလို့

ဒီနေ့မျှော်မိပါတယ်

မျှော်သာမျှော်ရ ပေါ်မလာတဲ့

ချစ်ရသူ သက်ထားကညာရယ်

မောင့် ရင်မှာ

ံခံစားလှိုင်းထ နှိုင်းမရအောင်

မင်းအပေါ်မှာ အချစ်တွေဖြစ်တည်ခဲ့တာမို့

အချစ်ကိုအတည်ပြု နှလုံးသားရင်းကာ

ရက်ရက်စက်စက် ချစ်ခဲ့တာပါ

မင်းနဲ့တစ်နေ့ မတွေ့ရရင်

ငါ့ရင်မှာ သေလုမျောပါ

ခံစားရပုံ အဆန်းသာကို

မည်သို့မည်ပုံ လွမ်းကြောင်းနှင့်

အဓိပ္ပာယ်တွေ အမျိုးမျိုးဖွင့်ကာ

မင်းရှေ့မှာ ဖွဲ့ဆိုချင်ပါရဲ့

အခုတော့ဖြစ် တွေ့ဆုံခြင်းအချိန်တွေ

ညနေဆောင်းပြီမို့

အကြည့်တွေရယ် နာရီပေါ်ကို

မကျရောက်တော့ပါဘူး

ဒီနေ့မတွေ့ခဲ့ရင်ဖြစ် နက်ဖန်သောအခါ

တစ်ရက်ရက်မှာတော့ မင်းနဲ့ဆုံကာ

ရင်ထဲက စကားလုံးတစ်ထုပ်ကို

ဖြီပြချင်ပါရဲ့

သက်ထားကညာရယ် . . .။

1 comment:

အိပ်မက်နိဒါန်း said...

မောင်လေးရေ

ကြိုးစားနော်။ အချစ်စစ်ဆိုတာ မဖြောင့်ဖြူးကြဘူး။ တစ်နေ့မှာ ဆုံကြရမှာပါ။ ရှေ့ဆက်ရမယ့်လမ်းအတွက် နောက်တစ်လှမ်းနဲ့ ရင်ဆိုင်နေလိုက်ပါ။

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...