Tuesday, July 8, 2008

အချစ်အမှား

တွေးဝေနေတဲ့ စိတ်
ငေးငိုင်နေတဲ့ မျက်လုံးတွေက
ငါ့ဘ၀ကို အမှောင်ဖုံးဖို့
လမ်းစပျိုးနေတယ်-----
ဒါပင်မဲ့ -----------
တွေးနေစ အလွမ်းတစ်ပုဒ်
ဇာတ်လမ်းဟောင်းလေကိုတော့
ယောင်လည်လည်နဲ့ ဆက်တွေးနေမိတယ်
ဘာမှန်းမသိတဲ့ မနက်ဖြန်ကို
မရေရာတဲ့ အတွေးစတွေနဲ့မရေးဘဲ
သေချာစွာပြီးဆုံးခဲ့တဲ့ အတိတ်ကိုတော့
နောက်ကြောင်းပြန်နေမိခဲ့တယ်-------
အရမ်းချစ်ခဲ့တာပါ ချစ်သူရယ်
ဘာကြောင့် ငါ့ကိုမှ
ရွေးချယ်ရက်စက်ခဲ့တာလဲဟင် -----
ငါဟာမင်းအတွက် ရင်ခုန်ဖို့
အသုံးမ၀င်ခဲ့လို့လား ???
ပြီးတော် ----- --- ---
ငါပြောခဲ့သမျှ စကားလုံးတွေ
ငါဆိုညည်းခဲ့တဲ့ ကဗျာတွေဟာ
မင်းအတွက် ဟာသ၊
ပြက်လုံးတစ်လုံး ဖြစ်ခဲ့လေသလားချစ်သူ
အမှန်တကယ်ဆို ----- ---
မင်း ငါ့အချစ်တွေကို မချစ်ဘဲနဲ့
ငါ့မျက်ရည်တွေကို ခြေ မဆေးသင့်ပါဘူး
အခုတော့ မင်းလုပ်ချင်တာလုပ်ပြီမှ
ငါ့နှလုံးသားကို လမ်းဘေးမြောင်းထဲ
မင်း စွန့်ပစ်ရက်တယ်ကွာ-----
ငါ့အချစ်ကိုတန်ဖိုးမထားတာတောင်မှ
မင်းကို ချစ်ခဲ့တဲ့
နှလုံးသားကိုတော့ အသိအမှတ်ပြုသင့်တယ်
မချစ်ဖူးသေးတဲ့ အချစ်နဲ့
အချစ်ရှုးခဲ့ရတာက ငါပါမိန်းခလေး
ချစ်ခဲ့လွန်းလို့ကျခဲ့ရတာက ငါ့မျက်ရည်စက်တွေပေါ့
မင်းကိုပေးဆပ်ခဲ့ရတာက ငါ့နှလုံးသားပါ
ရင်းနှီးခဲ့ရတာက ငါ့သိက္ခာ
ယောင်္ကျားတစ်ယောက်ရဲ့တန်ဖိုး ။
မင်းနဲ့တွေ့မှ အချစ်ဆိုတာ
ရှင်သန်ခဲ့တဲ့ ငါ့ဘ၀က
အခုမင်းမရှိတော့ အချစ်မရှိတော့ဘူးပေါ့
အော်မိန်းခလေးရယ် ---------

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...