Wednesday, July 16, 2008

မာနလေးပြန်ထားကြည့်တာ

ငါလေ
မင်းနဲ့တွေ့မှ မချစ်ဖူးသေးလို့
ချစ်ကြည့်မိတာပါ
ငါ့နှလုံးသားက ရင်မခုန်ခဲ့ဖူးလို့
ရင်ခုန်ခွင့်ပေးခဲ့တာပါ
အခုဝေးရတော့ မလွမ်းဖူးလို့
လွမ်းကြည့်မိတာပါ
သတိရတယ်ဆိုတဲ့ စကားလုံးကိုဘာမှန်းမသိလို့
အဓိပ္ပာယ်ဖွင့်ကြည့်နေတာပါ
ရင်ထဲမှာသိမ်းထားရင် မွန်းကြပ်နေလို့
Blog ပေါ်တင်လိုက်တာပါ

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...