Thursday, July 31, 2008

မင်းထပ် ငါ့ကဗျာကပိုကောင်းတယ်

တစ်ခါက ငါ့နှလုံးသားမှာ
ထူးဆန်းစွာနဲ့ ပွင့်ခဲ့တဲ့ပန်းတစ်ပွင့်ဟာ
အချစ်ဦးပန်းဖြစ်ခဲ့တယ်ဆိုရင်
နောင်ပွင့်တဲ့ပန်းတို့ဟာ
ရင်ခုန်သံမပါပဲနဲ့ပွင့်ခဲ့လေသလား
အသဲနစ်အောင်ချစ်ခဲ့တာပါ
အခုတော့
ငါ့အဖြစ်က ဇာတ်လမ်းတစ်ပုဒ်တောင်
ပြီအောင်မရေးလိုက်ရပါ ဒုက္ခတွေနဲ့အတူ
ပျားရည်စက်တွေမဟုတ်ပဲ
ခါးသက်တဲ့ အကြည့်
ရက်စက်တဲ့ မျက်ဝန်းတွေက
မျှော်လင့်ခြင်း ငါ့နှလုံးသားတစ်စုံကို
ဓါးသွားထပ် ထက်တဲ့
မင်းစကားလုံးတွေအောက်မှာ
ငါ့အလူးအလဲခံခဲ့ရတယ်
တကယ်တော့
ငါချစ်ခဲ့တဲ့ အချစ်က
ပေးဆပ်ခြင်းမို့ မင်းဘယ်လောက်ပဲ
ငါ့ကိုပြန်မချစ် မုန်းနေပါစေ
ထာဝရ မင်းအတွက်
ပွင့်မြဲပွင့်လျက် ရင်ခုန်ဆဲပါချစ်သူ
ငါမျှော်လင့်ခဲ့တာက ရက်စက်ခြင်းမဟုတ်ပါဘူး
မင်းပေးမဲ့ အချစ်ကိုလိုချင်ခဲ့တာပါ
မင်းအချစ်ကို ကိုးကွယ်မိလို့
ငါ့နှလုံးသား အလွမ်းပျားတုတ်တာခံခဲ့ရတယ်လေ
ငါ့ဘ၀နဲ့ငါသာရှိပါစေတော့
ပကာသနမက်ပြီ ဘ၀သမားကိုခြေကန်သွားတဲ့
မင်းရဲ့ကစ်ချက်ကို ငါအမိမဖမ်းနိုင်ခဲ့လို့
ဒီပွဲမှာ မင်းနိုင်သွားပင်မဲ့
ရှုံးနိုမ့်သူ ငါကတော့
နောင်တစ်ပွဲလောက် မင်းနဲ့ထပ်နွဲချင်သေးတယ်
ဘာလို့လဲဆိုတော့ မင်းရက်စက်တာကိုထပ်ခံပြီး
ငါနာကျင်စွာ ဟစ်အော်ကာ
သူချင်းတွေကို အဖော်ပြုပြီ
ကဗျာတွေကို ကာရံလို့
ငါ့နှလုံးသားကို အလွမ်းခွက်ထဲ
ထည့်စိမ်ထားတာက ငါ့အတွက်ပိုအရသာရှိနေသလိုပဲ
မိန်းခလေးရေ -------------------

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...