Saturday, July 19, 2008

ငါ့ကိုငါပြောတာပါ

ငါ့စိတ်တွေ လေလွင့်နေတယ်
ဆောက်တည်ရာမဲ့ လျှောက်တွေးနေပြီ
အရေမရ အဖက်မရ
ညည်းသံသဲ့သဲ့ ကဗျာလား
သီချင်းလား ခံစားချက်တွေလား
အလွမ်းချင်းတွေလား ရေရေရာရာတော့မသိပါဘူး
သိခွင့်ကိုမရလိုက်တာပါ စဉ်းစားရင်းနဲ့
နစ်မွန်းသွားလို့ အလုပ်ကိုစိတ်မပါတော့
လူကြီးဆူတာ ခံရတာပေါ့
ပြန်တွေးကြည့်လိုက်တော့
ငါတစ်နေ့တစ်ခြား ညံ့လာပါလားလို့
ဘာဖြစ်လို့ အချစ်တွေနဲ့ပဲ
မွန်းကြပ်နေရတာလဲ ဖြေနိုင်ဖို့
အင်းအား စွမ်းအင်တစ်စုံလောက်တောင်
မမွေးဖွားနိုင်တော့ဘူးလားပေါ့
ဒီလိုသာဆက်နေသွားရင်
ကြာရင်ငါအလုပ်ပြုတ်ပြီ
ငါ value တွေ down ကုန်လိမ့်မယ်

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...