Wednesday, July 16, 2008

အချမ်းပြေမလားလို့ အနွမ်းခံခဲ့ရတဲ့ပန်းဘဝ

ချစ်သူကပြောတယ် မုန်းတယ်တဲ့
မုန်းတယ်ဆိုတဲ့ စကားလုံးကို
မင်းတစ်ယောက်တည်း
သုံးပိုင်ခွင့်ရှိသလားလို့တော့
ငါမေးချင်ပါတယ် --
မင်းနဲ့တွေ့မှ အချစ်ကိုစတင်ခဲ့တဲ့
ငါ့နှလုံးသားက
အချစ်ကို "အ"လို့ချစ်ခဲ့တာမဟုတ်ပါဘူး
အချစ်ကို "အ"ချမ်းပြေမလားလို့ချစ်ခဲ့မိတာပါ
မင်းရဲ့ အလှမိုးအောက်မှာ
မိုးမိသွားတဲ့ငါ့နှလုံးသား
ချမ်းချမ်းခိုက်တုန်နေလို့
မင်းဆီက
အချစ်ငွေ့လေးများရမလားလို့
ငါတောင်းဆိုကြည့်ခဲ့တာပါ
အခုတော့ မှန်းချက်နဲ့နှမ်းထွက်မခိုက်လို့
ငါ့နှလုံးသား ပန်းတစ်ခင်းကြီးလဲ
မင်းအမုန်းမိုးအောက်မှာ
ကြွေမွှပျက်စီး ရေတိမ်နစ်လို့
နစ်မွန်းသေဆုံးကာ ငါ့ဘ၀လဲပျက်ခဲ့ရပြီပေါ့

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...