Saturday, July 19, 2008

ဆုတောင်း

ရင်မှာ လွမ်းရင်မျှော်တိုင်းမြင်ချင်လွန်းလို့
လက်ညိုးညွှန်ရာသူဖြစ်ပါစေသာလို့
ငါဆုတောင်းနေလဲ လက်ရှိမှာတော့
စမ်းတ၀ါးဝါးမျှော်လင့်ချက်တွေ
မပြည့်စုံနိုင်သေးတဲ့ ငါ့အတွေး
ငါ့ဘ၀တစ်စိတ်တစ်ဒေသ မင်းဖြစ်ခဲ့တယ်
ဒါပင်မဲ့ တွေ့မနေ ဝေးနေရလို့
ငါအခုဆုတောင်း အလွမ်းတွေကို
ကမွှန်းတင်ပြီး မနက်ဖန်ပေါင်းများစွာကို
လက်ချိုးရည်ဖြစ်နိုင်ရင်တော့ ဒီဘ၀မှာ
မင်းနဲ့ ဆုံရပါစေလို့
ဘုရားမှာ ငါအခါခါဆုတောင်းမိတယ်လေ
“ အော် “လွမ်းသမျှသာပန်းပွင့်ပါလျှင်
ပွင့်သည့်ပန်းအားလုံးသူ့အတွက်ဖြစ်ပါစေ
ငါရင်မှာ ပွင့်သမျှအလွမ်းပန်းအားလုံး“
သူမြင်နိုင်ပါစေ ---------------------
ရက်စက်လွန်းတယ် ကံကြမ္မာရယ်
ဘာကြောင့်လို့များ ငါတို့နှစ်ဦးကို
ဒီကမ္ဘာကြီးတစ်ခုထဲမှာ ထားပြီ
တစ်နယ်ခြားကာ ခွဲထားရတာလဲ
ဘယ်လောက်ဝေးဝေး ဘယ်လောက်ကွာကွာ
ဘယ်နေရာမှာပဲရှိရှိ သူရှိနေတယ်ဆိုတဲ့အသိနဲ့
အရင်ကလည်း နေတတ်ခဲ့တာမို့
မထူးတော့ပါဘူး နှလုံးသားတို့ရယ်
နောင်လည်းနေတတ်သွားမှာပါ

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...