Thursday, July 24, 2008

ရင်ခုန်ဖို့အတွက် စဉ်းစားခြင်း

သူကို----------ကျွန်တော်က သိပ်ချစ်ရတဲ့ အကြောင်း ပြောမလို့ပါ
ဒါပင်မဲ့ ကံကြမ္မာကမျက်နှာသာမပေးလို့
ဒဏ်ရာတွေရင်မှာ ပိုက်ပြီး
အလွမ်းတသိုက်နဲ့ မျက်ရည်တွေစတေးချ
ငါ့ဘ၀နဲ့ ငါသာရှိပါစေတော့ဆိုပြီ
ဒုက္ခကိုစိန်ခေါ်လို့ ရင်ခုန်ခြင်းတွေကိုခြေနင်းပြီး
အသက်မပါတဲ့ လေရှုသံများနဲ့
ခြောက်ကပ်နေတဲ့ ရင်ခွင်ထဲက
ရင်ခုန်ခြင်း ပန်းတပွင့်လန်းဆန်းဖို့အတွက်
ငိုရှိုက်သံက ဖြစ်တည်လာတဲ့
မျက်ရည်စက်တချို့ကို အသက်သွင်းပြီ
နက်ဖန်ပေါင်းများစွာမှာ အသက်ဆက်ရှင်ရမဲ့
ငါ့နှလုံးသားအတွက် ရင်ခုန်ခြင်းအသစ်တွေကို
ငါရှာဖွေဖို့ ကြိုးစားရမှာလား

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...