Sunday, July 13, 2008

ငါ အမြဲကြုံနေရတဲ့ တစ်ခဏတာဖြစ်ရပ်တစ်ခု

ရုတ်တရပ်မြင်လို့ ချစ်မယ်ဟန်ပြင်
တိမ်ပင်မဆင် ရွာချလိုက်တဲ့မိုးရယ်
ကြည့်လို့ပင်မ၀ မိုးကရက်စက်
ဒီကံကြမ္မာ ဒီသံသရာ
င်္ဒီအချိန်က မြန်လိုက်ပါဘိ
မျက်နှာဝိုင်းနှင့် အကြည့်ကအေးစက်
မပွင့်တစ်ပွင့်ပြုံးတဲ့ မိန်းခလေးတစ်ယောက်ကို
ငါ့ရှေ့က ရုတ်သိမ်း
အချိန်ဒီရေလှိုင်းက ကလယ်ကာချလို့
မျက်လွှာချပြီး ငါရှေ့ကထွက်သွားတဲ့
မိန်းခလေးရယ် မင်းလည်းမိုးပဲ
ငါ့ရဲ့အသဲနှလုံးအိမ်ကို မင်းအကြည့်တွေနဲ့
ထိုးဖောက်မွှေနှောက် နှောင်းတွေဖွဲ့လို့
အကြည့်များနဲ့ ရစ်ပတ်ချည်ကာ
အလှမိုးများ ရွာသွားလိုက်တော့
ငါ့အသဲလို့ခေါ်နှလုံးအိမ်သည်
တဒိန်းဒိန်းနဲ့ မိုးချူန်းသံလို
မြည်းဟီးနေကာ အချစ်စိတ်များ
လျှပ်တ၀င်းဝင်း ရင်တွင်လက်လို့
မှောင်နေတဲ့ ငါ့ရင်ခွင်ဒီအလင်းရောင်ကြောင့်
ရင်တွင်ရှိတဲ့ နှလုံးသားပန်းတစ်စုံ
ငုံနေရာက ဖူးပွင့်မယ်ဟန်ပြင်
ချစ်လိုက်မယ်ပြင်တုန်း ငါရှေ့ရပ်နေမင်းကိုကြည့်တော့
မရှိနုတ်မဆက် ထွက်သွားရက်တယ်
မိန်းခလေးရယ် -------------

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...