Wednesday, July 16, 2008

မမုန်းရက်ပြန်ဘူးလို့ဆိုသတဲ့

ခါးသက်နေတဲ့ အတွေး
မွန်းကြပ်နေတဲ့ ရင်ခွင်
မင်းမရှိတော့တဲ့ ငါ့နှလုံးသားမှာ
ကျန်ရှိနေတဲ့ အလွမ်းအစွန်း
ဒဏ်ရာတွေကို ငါ့ရဲ့လက်ကျန်စာသား
ကဗျာတစ်ချို့နဲ့ ဆေးကြောရမယ်ချစ်သူ
ရင်ခုန်ခြင်းရဲ့ အစဟာ
အချစ်လို့ဆိုခဲ့ရင် ငါ့နှလုံးသားကို
ရင်ခုန်ခွင့် မပေးခဲ့ပါဘူး
အရာရာတိုင်းဟာ ငါ့အမှားပါ
မင်းရဲ့ အကြည့်အောက်မှာကြွေကျ
ငါ့နှလုံးသားကိုပဲ အပြစ်တွေပုံချကာ
တကယ်တော့မင်းကိုချစ်ခဲ့တာ
ငါမဟုတ်ပါဘူး ငါနှလုံးသားပါ
အခုသူကို အပြစ်တွေပေးပြီး
ယောကျာင်္းမာန အဆိပ်တစ်ခွက်နဲ့
ထိုးသတ်လိုက်ပြီမေ -----
အဲ့ဒီတော့ အခုသူသေဆုံးသွားလို့
မင်းနဲ့ပတ်သက်ပြီ
ငါ့မှာ ခံစားချက်ဆိုတာမရှိ
မင်းနံမည်ကိုတောင် ငါမသိတော့သလိုပဲချစ်သူ
ငါဒီလို လုပ်လိုက်လို့
မျက်ရည်စက်လက် အလွမ်းတွေပက်လက်နဲ့
ငါ့မှားလေချင်လို့နောင်တ ရရင်တော့
ငါ့ဆီမှာ အသာနားခံစာတင်ပြီ
ငါ့ရှေ့မှာ ဒူးထောက်မယ်ဆိုရင်တောင်
အချိန်က နှောင်းခဲ့ပြီလေ
Sorry ပါချစ်သူ
ငါ့နှလုံးသား အသစ်စက်စက်မို့
မင်းတို့ရဲ့ အကြည့်ရက်စက်ခြင်း
ထိုးနှက်ချက်တွေကို ထပ်ခံရမှာစိုးလို့
နှလုံးသားကို တံခါးပိတ်
သော့ခတ်ကာ လုံခြုံရေးတပ်တွေ
အပြည့်ချထားတယ် ချစ်သူ ----
သနားဖို့ကောင်းလိုက်တာ ချစ်သူရယ်
ဟိုတစ်ချိန်ကသာ ငါ့ကိုချစ်ပါတယ်လို့
အဖြေပေးခဲ့ရင် မင်းအခုလို
ဒူးနဲ့မျက်ရည်သုပ်ရမှာ မဟုတ်ဘူး
ငါ့ကိုယ်ရက်စက်ပြီမှ သက်ကယ်ဆေးထိုးပြီး
နှစ်သိပ်ချင်တဲ့ မင်းနှလုံးသားကို
ကြောက်ရွံ့မိတာ အမှန်ပါ
သေလုမျောပါ ခံစားခဲ့ရတဲ့
ငါ့ရဲ့ အက်ကွဲသံတစ်ချို့နဲ့
ဖြေသိပ်ခဲ့ရတဲ့ နေ့တွေဒဏ်ရာတွေကို
မင်းဘယ်လိုအစားထိုးပြီရောကြေးပေးမှာလဲ
ငါ့ကိုတကယ်မချစ်ပဲနဲ့များ ဘာလို့
လမ်းကြောင်းတွေ ဖွင့်ပေးခဲ့တာလဲ
ငါဟာမျက်စိကမ်းနေလို့လား
မင်းအတွက် မအူမလည်
ကစားစရာ အရုပ်တစ်ရုပ်လို
ထားရာနေစေရာသွား ဖြစ်ခဲ့လို့လား
အရှက်မရှိတဲ့ ငါ့မျက်နှာက
မင်းရှေ့မှာ ငါချစ်တဲ့အချစ်တွေကို
ဇာတ်လမ်းခင်းပြ သရုပ်ဆောင်ပြနေတာကို
ဘာကြောင့်အပြုံးတစ်ပွင့် ချော့သိပ်ခဲ့တာလဲ
မချစ်ဘဲနဲ့ ငါ့နှလုံးသားကို
မင်းရှေ့မှာ အသုံးတော်ခံပြဖို့
ကလယ်ကာ ဖွင့်ပေးခဲ့တဲ့ မင်းနှလုံးသားကို
မုန်းတယ် -------- လို့မဆိုရက်ပြန်ပါဘူးချစ်သူရယ်

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...