Saturday, July 19, 2008

မင်းပြောနေတဲ့ ဖုန်းစုတ်ကြောင့်

မင်းပေးတဲ့ ဖုန်းနံပါတ်လေး
အိပ်ကပ်ထဲထည့် ငါသွားလေရာယူသွားလို့
သတိရရင် ငါ့အလွမ်းတို့နိုပ်စက်တော့မယ်ဆိုရင်
ကပျာဂယာ အကူအညီတောင်းမိတာက
"119 "ကိုမဟုတ်ပါဘူး မင်းဆီကိုပါ
မင်းအသံလေးကြားရင် ငါရင်မှာစစ်ငြိမ်းလို့
အလွမ်းတို့ပျောက်ကွယ် အချစ်ရနံ့ပန်းတစ်ချို့
မင်းစကားလုံးတိုင်းမှာ ပွင့်ခဲ့တယ်လေ
ငါစိတ်ညစ်တာတစ်ခုက နုတ်မဆက်ကပဲကျသွားတဲ့
မင်းရဲ့ဖုန်းအစုတ်ကိုတော့ လဲသင့်နေပြီချစ်သူ
မင်းရဲ့ ဖုန်းကြောင့်
ပွင့်တော့မဲ့ပန်းတို့ ပြန်ကာငုံဝင်
ရင်ခုန်သံတွေ ရပ်တန့်ပြီ
ကြွေကျခဲ့ရတာက ငါ့မျက်ရည်စက်တွေပါ

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...