Friday, July 25, 2008

မင်းနဲ့တွေ့မှဈေးမတတ်ဖို့

မင်းနဲ့တွေ့မှ ငါနှလုံးသားတို့ရင်ခုန်ခဲ့တယ်ဆိုရင်
မင်းနဲ့မတွေ့ခင် ငါနှလုံးသားတို့ဘာလုပ်နေလဲ
မင်းနဲ့တွေ့မှ အချစ်ကိုစတင်ခဲ့တယ်ဆိုရင်
မင်းနဲ့မတွေ့ခင် အရင်ကငါမှာအချစ်မရှိဘူးပေါ့
မင်းနဲ့တွေ့မှ ငါဘ၀ဟာအဓိပ္ပာယ်ရှိလာတာပါလို့ဆိုရင်
မင်းနဲ့မတွေ့ခင် ငါ့ဘ၀ဟာသုညပေါ့
မင်းနဲ့မတွေ့ခင် ငါနှလုံးသားတို့
ရင်ခုန်သံရပ်တန့်နေခဲ့တယ်လေ( အသက်မသေရုံပေါ့ )
မင်းနဲ့မတွေ့ခင် အရင်ကငါ့မှာအချစ်ဆိုတာတော့ရှိခဲ့ပါတယ်
ဒါပင်မဲ့ မချိုမြိန်ခဲ့ပါဘူး
ယောင်ရမ်းပြီ ရင်ခုန်သံတွေစမ်းတ၀ါးဝါးနိုးထခဲ့တာပါ
အခုငါ့ဘ၀ကို မင်းဝင်လာလို့
ငါဟာသုညမဟုတ်တော့ပါဘူး
အမှန်တကယ်တော့ မိန်းခလေး
ငါဒီလိုပြောလို့ မာနတွေတတ်
အချစ်တွေဈေးကြီးအောင်တော့ မလုပ်ပါနဲ့
ငါဟာ company ၀န်ထမ်းမို့
ပိုက်ဆံက မင်းအချစ်ကိုဝယ်ဖို့
မတတ်နိုင်ဘူးလေ အဲ့ဒါကြောင့်
1500 နဲ့ဈေးညှိပါလို့တောင်းဆိုချင်တယ်

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...