Saturday, July 5, 2008

မင်းမရှိရင် ငါအသက်မရှုချင်ဘူး

ဝေးလွင့်ခြေရာ ----
မနီးစပ်နိုင်တဲ့နှလုံးသားနှစ်ခု
မဆုံမိတဲ့မျဉ်းပြိုင်တစ်စုံ
လွင့်မျောနေတဲ့ တိမ်စိုင်တွေလို
မျော်လင့်ချက် ကင်းမဲ့စွာနဲ့
အဓိပ္ပာယ်မဲ့ သံစဉ်တွေကို
ရေရွတ်ရင်း ခံစားချက်ဆိုတာကိုနားလည်ဖို့
အသက်မရှိတဲ့ အချိန်တွေကိုကျော်ဖြတ်ရင်း
ငါ့ကိုငါ--------
ဘာမှန်းမသိ အသက်ရှုနေရတယ်

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...