Wednesday, July 16, 2008

နွမ်းနစ်ခံနှလုံးသားနဲ့ အလွမ်းပြေဆေးတစ်ခွက်

ဒီမယ်ချစ်သူ ငါဟာမင်းကိုချစ်မိလို့
ဒုက္ခဆိုတာကို နားမလည်
ခံစားရသမျှကို ပီတိအဖြစ်စားသုံး
မင်းလုပ်သမျှ ရင်စီးခံကာ
နှလုံးသားတစ်စုံလမ်းခင်း မင်းအတွက်အဆင်သင့်ပါ
အချစ်ဆိုတာကို မင်းပဲမသိတာလား
ငါပဲအခဲ့တာလား ဘယ်လိုဘယ်ပုံ
ဘယ်လိုနည်းနဲ့ ငါစဉ်းစားနေလဲ
လက်ရှိမှာတော့ အစွန့်ပစ်ခံငါ့နှလုံးသား
ဒဏ်ရာတွေဗလပွနဲ့ မင်းပေးခဲ့တဲ့
နှလုံးသားက ဒဏ်ရာတစ်ချို့ကို
ပူလောင်လှတဲ့ လွမ်းချင်းတွေညည်းကာ
ရင်ထဲက မီးတွေကိုငြိမ်းသတ်ဖို့
ရေခွက်ထဲကို ရေခဲတုံးထည့်ပြီး
ယမကာရောကာ အပူတွေငြိမ်းဖို့
လောလောဆယ် သူတို့ကို
ရာယီတာဝန် ပေးထားတယ်မေ
အမှန်တကယ်ဆို ဒီတာဝန်ကို
ထမ်းဆောင်ရမဲ့ ၀န်ထမ်းက
မင်းဖြစ်သင့်တယ်မေ
အခုတော့ ဒီလိုမဟုတ်
ခါးသက်ခြင်းနေ့ရက်တွေ
အထီးကျန်နေ့စွဲတွေက
ငါ့ဘေးနားမှာ ၀န်းရံလို့
ငါ့ကိုနိုပ်စက်နေတယ်မေ
မင်းမှ မကူညီနေနိုင်ရက်ရင်
ကြွေလွင့်ပျက်သုဉ်း အသဲတစ်စုံဟာ
ဝေလွင့်တိမ်တို့လို ကြည့်နေရင်းနဲ့
လွင့်ပါးပျောက်ကွယ် ငါ့အသဲတို့လည်း
မင်းစစ်မကူနေနိုင်ခဲ့ရင် အလွမ်းတွေနိုပ်စက်လို့
ပျောက်ကွယ်ကြွေကျ သစ်ရွက်တို့လို
မြေမှာ ခရပါတော့မယ်မေ
နေ့တိုင်းငိုနေတဲ့ ငါ့မျက်ရည်တွေ
ခမ်းခြောက်လုနီးပါပြီမေ
မင်းနဲ့တွေ့စဉ်က ဖြစ်စဉ်တွေကို
ပြန်မြင်ရောင်လိုက် စဉ်းစားလိုက်နဲ့
ကြည်နူးတလှည့် ၀မ်းနည်းတဖုံ
"က" ဇာတ်ကြိုးကို အတွေးထဲမှာ
ကလယ်ကာဖွင့်ကာ ပြန်ကြည့်လိုက်တော့
အလွမ်းတွေပြေလျော့ တက္ခနတာ
ငါ့နှလုံးသားတို့ ရင်ပြန်ခုန်ခဲ့တယ်မေ

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...