Sunday, July 13, 2008

နှလုံးသားကို ဖြေရှင်းချက်ပေးခြင်း

မင်းကိုယ်---------
ချစ်တုန်းကလည်း ချစ်ခဲ့တာအမှန်မို့
အခုလမ်းခွဲရမယ်ဆိုတော့
ငါ့နှလုံးသားက ငိုကြွေ
သူသေဆုံးရလိမ့်မယ်ပေါ့
အဲ့ဒီအတွက်ကြောင့်
မင်းရှေ့မှာ ငါ့ကိုဒူးထောက်ခိုင်းနေတယ်
အော်နှလုံးသားရယ်
ငါလေ မင်းရင်ခုန်ဖို့အတွက်
အရင်ကလဲ အလိုလိုက်ခဲ့လို့
မပီပြင် ၀ိုးတ၀ါးဝါး
စမ်းတ၀ါးဝါး အချစ်တွေနဲ့
မျှော်လင့်ချက်လေး
မတောက်တခေါက်ကို အသက်သွင်းပြီ
ရင်ခုန်သံတွေ ရမ်းသမ်းကခုန်လို့
ငါ့ကိုငါ ကြည်းနူးမိခဲ့တော့
အခု ငါ့မှာဖြစ်
အလွမ်းတွေပက်လက်နဲ့
နက်ဖြန်များစွာကို မှောက်ရက်တွေးပြီ
အသက်ကိုမနည်းမှန်အောင် ရူနေရတယ်
နှလုံးသားရယ် -----
အဲ့ဒီအတွက်ကြောင့် မင်းကိုငါ
အလိုမလိုက် မင်းအကြိုက်ဘယ်တော့မှမဆောင်ပဲ
အချစ်စစ်ကို ရှာမတွေ့ခင်
လှတာမြင်ရင် ရင်ခုန်ချင်တဲ့
မင်းစိတ်ဓါတ်ကို တံခါးဂျက်ထိုးပြီး
အခန်းထဲမှာ အရင်က
မင်းရင်ခုန်ခဲ့ဖူးတဲ့ ကောင်မလေးရဲ့
ဓါတ်ပုံကို ကင်းစောင့်ခိုင်းထားရမယ်
ငါ့နှလုံးသားရယ်------------------

No comments:

အလွမ်းစက်တွေနဲ့ အရက်ဆိုင်မှာထားခဲ့တယ် အမြည်းတစ်စက်လေးမှမပါဘူး လှိုင်းပက်လို့ ကမ်းပျက်ခြင်းပဲလေ ထူးတော့မထူးပါဘူး ချစ်သူရယ် မူးတော့မူးသွားခဲ့တယ် ဒါပေမဲ့ကမ်းပါးအစားအရက်သမားလမ်းဘေးလဲ ကျခဲ့တာတော့သူသိမှာဟုတ်ပါဘူးလေ ...